Wednesday 28 March 2012

မမ နှင့် မီးရထား




တစ်ရက်မှာပေါ့။

Regular Service အတွက် Toyota Service Centre  ကို မနက်ပိုင်းကားသွားပို့တယ်။

ပုံမှန်အားဖြင့် Customer တွေကို Service Centre  ကအိမ်ပြန်လိုက်ပို့ပေးလေ့ရှိပါတယ်။

ဒါပေမယ့် ဒီတခါကျတော့ အိမ်နဲ့ Service Centre က ကီလို ၂၀ လောက်ဝေးနေတာရယ် ကားပိတ်တဲ့အချိန်ရယ်နဲ့ ကိုအကြောင်းပြပြီး နီးရာဘူတာရုံကိုပဲပို့ပေးနိုင်ပါမယ်တဲ့..။ အရင်ကတော့ သူငယ်ချင်းတစ်ယောက်ယောက်ကို ကြိုတင်ပြောထားတာမို့ သူတို့ လိုက်ခေါ်ပေးနိုင်ပေမယ့် ခုတော့ လာမခေါ်နိုင်ကြပါဘူး..။

ဒါနဲ့..အိုကေပေါ့လေ။ ပို့ပေးတဲ့ဘူတာရုံမှာဆင်းနေလိုက်တာပေါ့၊ လက်မှတ်ဝယ်ပြီး အေးအေးဆေးဆေးပဲ ဘေးဘီကိုကြည့်ရင်းစီးတာလာခဲ့တယ်။ ဒီလိုနဲ့ ကိုယ်မရင်းနှီးတဲ့ ဘူတာတွေရဲ့နာမည်ကိုတွေ့တော့ တော်တော်သံသယဝင်လာခဲ့တယ်..။ နောက်တစ်ဘူတာမှာရပ်တော့ နာမည်ကြည့်လိုက်တော့ ကိုယ့်အိမ်ဘက်သွားရာနဲ့ ဆန့်ကျင်ဘက်ကိုရောက်နေတာပါ့လား။ ကမန်းကတမ်းပြေးဆင်းရတာပေါ့.. ခွိစ်.. အိမ်နဲ့ ၃၇ကီလိုလောက်ကို ဝေးလာတာ..

Monday 26 March 2012

ရှင်ပြုပွဲ




ဓါတ်စက်ဖွင့်သံ
တညံညံ
နဘေးအိမ်ကခြံ..။

တွံတေးသိန်းတန်
ဖွင့်ပါလို့
စိုးအောင်လည်း ပါဗျို့..။

ကွမ်းတောင်းကိုင်တဲ့
ယမင်းခင်
အလှဆုံးကျော့ယဉ်ယဉ်..။

ရွာနီးကပင်
လာကာငေး
ရွာ၏ဂုဏ်ဆောင်လေး..။

ဗျောစည်စမ်းတဲ့
ရွာသားဟန်
ခန်းငြားတည်ကြည်ပြန်..။

ကာလသားတွေ
အကြံပေး
ရှင်လောင်းဝှက်မယ်တွေး ..။

အလှူ့အမ
သိသောခါ
ရှင်လောင်းရွေးပါဗျာ ..။

ဆင်မြင်းစုံညီ
စီရီနွှဲ
ရှင်ပြုကုသိုလ်ပွဲ..။



ပျိုးယုဝသုန်
10:43:42 PM
26-03-2012
Monday (BNE)

Sunday 25 March 2012

ချစ်သူ..သို့



အတူဆုံလျက်
ကြုံမယ့်ရက်ကို
တွက်ချက်စိတ်ထဲ
နောက်ထပ်လွဲမှာ
စိုးထိတ်ကြောက်လှပါသည်ရှင် ..။

ကြမ္မာအရေး
ဘယ်မတွေးချင်
စိတ်လေးပင်လို့
မျက်ဝန်းညို့မှိုင်း
မျက်ရည်ဝိုင်းတာ
မောင်ကြီးကြည့်ရက်မှာလားရှင်..။

ကမ်းလက်ကိုဆွဲ
တူယှဉ်တွဲရပ်
ထပ်ကြပ်ဖဝါး
နောက်တော်ပါးမှာ
လိုက်ပါလေလျင်
အပြစ်မြင်လို့
ချန်ဖို့စဉ်းစားမှာလားရှင်..။


ပျိုးယုဝသုန်
11:55:34PM
25-03-2012
Sunday (BNE)



Tuesday 20 March 2012

အိပ်ဆေး


ဒံပေါက်ထမင်း 

ဝက်သားဟင်းနှစ် 

မျှစ်ချဉ်ရောနှောက် 

ငါးသလောက်ကို 

ရေသောက်ဆီပြန် 

စားမည်ကြံလျက် 

ကြက်ဟင်းခါးသီး

ကြော်ကာမြည်းသော် 

စက်တော်ခေါ်၍ မပျော်လော..





မမဝသုန်
ခေတ္တ ( BNE)


Sunday 18 March 2012

စိုးစိတ်-၂

အလွမ်းရင့်ရင့်
ပန်းရင့်ရင့်နှင့်
နွမ်းနင့်နေဆဲ
ဖော်စုံခွဲမှာ
ရင်ထဲစိုးနှောင့်ပူရသည်

ပျိုးယုဝသုန်
ခေတ္တ (BNE)

Saturday 17 March 2012

ဘာမြူဒါ မှာ နေသည်



ဒီနေ့ကျောင်းဆင်းတော့ တရုတ်တန်းကို ၀င်လိုက်တယ်၊ အိမ်မှာစားစရာက ခါလီပြနေပြီလေ။

ဒါနဲ့အသားနဲနဲဝယ်ဦးမှဆိုပြီ တရုတ်ဆိုင်ထဲဝင်ပြီးဒေါ်မြရင် ၀က်အူချောင်းလိုမျိုး ၀က်အူချောင်းဝင်ဝယ်တယ်။

အဲ့ ဆိုင်မှာရောင်းနေတာက ဘာဘူလတ်... အဟိ

ကိုယ်ကလည်း ရင်ဘတ်မှာတပ်ထားတဲ့နာမည်ကိုမဖြုတ်မိဘူး

ဒါနဲ့ ဒင်းက အလာပ သလာပ မေးတာပေါ့

ဘယ်ကလဲ ..ဘာညာ..

ကိုယ်ကလည်း ဘားမား ကလို့ပြောတာပေါ့

ဒီတော့ ဒင်းက သူ့မှာလည်း ဘာမားက သူငယ်ချင်းတယောက်ရှိတယ်တဲ့

ကောင်းတာပေါ့ လို့ပြန်ပြောရင်းငွေချေဖို့ကဒ် ကိုပေးလိုက်တယ်..

သူက ဘာမားက ဘယ်နားလဲ တဲ့..

ကိုယ်လည်း ဂိုးလ်ဒန်းထရိုင်အန်ဂယ်လ် နားမှပဲလို့ပြောလိုက်တာ ...ခွိစ်..

ဒါကိုသကောင့်သားက  သြော်.. ဘာမြူဒါ နားမှာကိုး  တဲ့ ....

သေရော.. ငါ့ကို ဘာမြူဒါ အရောက်ပို့တဲ့ဘာဘူ.. နုတ်နုတ်စဉ်းပစ်ရမယ်...  


ပျိုးယုဝသုန်

ခေတ္တ(BNE)

Thursday 15 March 2012

မမနှင့် ခြေဗလာဖြစ်သောနေ့




တစ်နေ့မှာပေါ့၊ အလုပ်ကိစ္စတစ်ခုအတွက် အိမ်တစ်လုံးကိုသွားကြည့်ပြီး ဈေးနှုန်းသတ်မှတ်ဖို့အကြောင်းက ပေါ်လာပါတယ်၊ နေရာကလည်းမမနေတဲ့နေရာနဲ့ ကီလို၄၀လောက်ဝေးတယ်ရှင်..၊ မသွားချင်ပေမယ့်လည်း ကိုယ့်ကိုထမင်းကျွေးတဲ့ အလုပ်လေးဆိုတော့လည်းမငြင်းသာဘူးပေါ့၊ ဒီလိုနဲ့ အဲဒီအဆောက်အဦတည်ရှိရာ မြို့ရဲ့ အရှေ့ဘက်ကိုရောက်လာခဲ့တယ်..။

မမရောက်တော့ အဲဒီအဆောက်အဦရှေ့မှာကားရပ်စရာနေရာကမရှိဘူးဖြစ်နေတယ်။ ဒီလိုနဲ့ ရပ်စရာနေရာရှာရင်းလမ်းရဲ့တစ်ဖက်ထိပ်နားမှာ တစ်နေရာရလိုက်တယ်။ ကားရပ်ပြီးမမသွားချင်တဲ့နေရာကိုလမ်းပြန်လျောက်လာရတာပေါ့…၊ အိမ်ထဲမ၀င်ခင် ပတ်ပတ်လည်ကိုအရင်လိုက်ကြည့်ပြီး ဘာတွေလုပ်စရာရှိမလဲဆိုတာကို လိုက်ကြည့်လိုက်တယ်၊ အဲဒီအချိန်မှာ ဘယ်သကောင့်သားရဲ့လက်ချက်မှန်းမသိတဲ့ အံဖတ်တွေပေါ်ကိုနင်းမိပါလေရော…၊ အီးးး..၊ ဒီနေ့ကံမကောင်းပါလားဆိုပြီး အော်ရင်း အနီးမှာရှိတဲ့ရေဘုံပိုင်မှာ ခြေထောက်ကိုဆေးရင်း ဖိနပ်ကိုပါဆေးလိုက်ရတာပေါ့…။

Tuesday 13 March 2012

မမနှင့် Navigator




လမ်ညွန်မြေပုံစက်ကလေးတွေကိုမမအင်မတန်မှနှစ်သက်လှတယ်…သွားလိုတဲ့နေရာရဲ့လိပ်စာကိုရိုက်ထည့်လိုက်ရုံနဲ့ဘယ်လမ်းကသွားပါ..ဘယ်လိုသွားပါဆိုပြီးတိတိကျကျလေးပြောပြတာကိုသိပ်သဘောကျတာလေ…ဒီတော့ဘယ်သွားသွားမြေပုံစာအုပ်ကိုမကြည့်တော့သလောက်ပဲ..လွယ်ကူသလောက်မျက်စိလည်းမမူးဘူးလေ…ပြီးတော့တစ်ယောက်ထဲမြေပုံစာအုပ်ကိုကြည့်ုပြီးသွားတာကအခန့်မသင့်ရင် Highway Petrol နဲ့တိုးပြီးဒဏ်ငွေလည်း ဆောင်ရနိုင်သလိုရှိထားတဲ့Pointလေးတွေလည်းလျော့နိုင်တာကိုး..ဒီတော့လည်းလွယ်ကူ..မြန်ဆန်ပြီးအန္တရယ်ကင်းတဲ့လမ်ညွှန်မြေပုံစက်ကလေးတွေကိုလူတိုင်းကနှစ်သက်ကြတာပေါ့…ဒါကြောင့်TomTomကနေProgramတစ်ခုဝယ်ပြီးကားထဲမှာInstallလုပ်ထားလိုက်ပါတယ်…

Monday 12 March 2012

ဆန္ဒမစောကြပါနဲ့ (တက်ဂ် ပို့စ်)

အကိုစိုးအောင်ရဲ့တက်ဂ်လာတဲ့ပို့စ်လေးပါ..ညီမရဲ့အမြင်ကတော့သည်လိုရှိပါတယ်..

ဘယ်အရာမဆိုဘယ်နေရာမှာမဆိုလိုချင်တာတစ်ခု..ဒါမှမဟုတ်လိုချင်တာတွေအတွက်စောင့်ဆိုင်းရပါတယ်…ပြီးတော့ထိုက်တန်တဲ့အရင်အနီးတစ်ခုလည်းပေးဆပ်ရပါတယ်…ကိုယ့်ဘက်ကမြန်မြန်ရချင်ရင်ကိုယ်ကရောဘာတွေဆောင်ရွက်ထားသလဲဆိုတာပြန်စမ်းသပ်ကြည့်သင့်ပါတယ်…ကိုယ်ကဘာမှမလုပ်ပဲ..ဘာတစ်ခုမှအားကြိုးမာန်တက်ပါဝင်စွမ်းဆောင်တာမရှိပဲလိုချင်တာကိုပဲထိုင်အော်နေလို့ကတော့ဘယ်သူမှဘာမှလုပ်ပေးနိုင်မှာမဟုတ်ပါဘူး..မည်သူမဆိုကြိုးစာအာထုတ်မှုရှိသူကိုပဲအရင်တုံ့ပြန်မှာပါ..“ထိုင်နေလို့တော..ဘာမှဖြစ်မလာဘူး…”ဆိုတဲ့သီချင်းကလေးလိုပေါ့…အင်မတန်မှန်ကန်တဲ့အတွေးအမြင်ပါတဲ့သီချင်းလေးတစ်ပုဒ်ပါ..

Sunday 11 March 2012

အိပ်မက်




ချစ်သူ့ရင်ခွင်

ခေါင်းတိုးဝင်ရင်း

ကြည်စင်ချိုမြ

ပြုံးအလှနဲ့

ချွဲနွဲ့ခွန်းချို

မျက်ဝန်းညိုမှာ

ဘာတွေပြောမလဲ

လှိုက်လှဲရှာကြည့်

အဖြေညှိစဉ်

အိပ်စက်ခြင်းမှ..နိုးခဲ့တယ်…



ပျိုးယုဝသုန်
04:57:17PM
11-03-2012
Sunday

Friday 9 March 2012

မနက်ဖြန်များ




မနက်ဖြန်ဆိုတာ တကယ်တော့ရင်ခုန်စရာကောင်းလှတယ်…

မနက်ဖြန်တွေရဲ့မနက်ဖြန်ထဲမှာအိမ်ပြန်ရမယ့်မနက်ဖြန်ကိုမျှော်မိတယ်…

မနက်ဖြန်တွေရဲ့မနက်ဖြန်တွေထဲမှာချစ်တဲ့သူတွေနဲ့တွေ့ခွင့်ရမယ့်မနက်ဖြန်ကိုလိုချင်တယ်..

မနက်ဖြန်တွေရဲ့မနက်ဖြန်တွေထဲမှာမိဘအနားမှာနေပြီးသူတို့ကိုထိုင်ကြည့်နေခွင့်ရမယ့်..နက်ဖြန်ကိုလိုချင်တယ်..

မနက်ဖြန်တွေဟာရည်မှန်းချက်တွေပြည့်ဝစေဖို့ရက်တွေကိုဆွဲယူပေးတယ်

မနက်ဖြန်တွေဟာအိပ်မက်တွေနဲ့လှပနေတယ်…

မနက်ဖြန်တွေဟာမျှော်လင့်ခြင်းတွေနဲ့တောက်ပနေတယ်…

မနက်ဖြန်တွေအတွက်ပြင်ဆင်ရင်းဒီနေ့တွေကုန်ဆုံးခဲ့တယ်

မနက်ဖြန် ဆိုတဲ့ ကာလကိုထိုင်စောင့်မနေချင်တော့ဘူး…

တကယ်တော့ မနက်ဖြန်ရောက်ရင်လည်း မနက်ဖြန်က မနက်ဖြန် အတွက်ရှိနေဦးမှာပဲ..


ပျိုးယုဝသုန်
ခေတ္တ(BNE)

Wednesday 7 March 2012

စာမျက်နှာ ၁၅



စာမျက်နှာ ၁၅ မှာ အရပ်အရှည်ကြီးနဲ့မြန်မာ့လက်ရွေးစင်အကိုကြီးတစ်ယောက်ကိုသဘောကျဖူးတယ်… အဲဒီအကိုကြီးချစ်ကြည်ရေးပွဲတိုင်းကပြန်လာတိုင်းဝယ်လာပေးတဲ့ကလစ်ကလေးတွေကိုသူငယ်ချင်းတွေက အားကျဖူးတယ်…ညနေတိုင်းကျူရှင်မှာလာကြိုပြီးအိမ်ပြန်ပို့ပေးတဲ့အတွက်စာလိုက်ပေးသူတွေလက်ကလွတ်ခဲ့ဖူးတယ်…(ရည်းစားမဟုတ်ကြဘူးနော်)..ခုတော့အဲ့ဒီအကိုကြီးလည်းဘယ်ရောက်နေမှန်းသိတော့ဘူးရယ်…မတွေ့တာ၁၅နှစ်တောင်ကျာ်ပြီထင်တယ်…ဟိဟိ

စာမျက်နှာ ၁၅ မှာ အင်္ဂလိပ်စာနောက်ကိုအသေရရအရှင်ရရလိုက်ဖူးတယ်…

စာမျက်နှာ ၁၅ မှာ အခန်းရှေ့ထွက်ပြီးဇီဝဗေဒအကြောင်းဆရာမကိုယ်စားအတန်းဖော်တွေကိုပြောပြဖူးတယ်

စာမျက်နှာ ၁၅ မှာ ကျောက်မျက်ရတနာခန်းမမှာဆွဲထားတဲ့အမိမြန်မာပြည်ပုံအကြီးကြီးအတွက်မော်ဒယ်လ် ထိုင်ပေးဖူးခဲ့တယ်…

Monday 5 March 2012

မမဝသုန်နှင့် 2-50… 5-50 အလွဲများ




2005ခုနှစ်လောက်ကပေါ့…

မမဝသုန်Londonမှာကျောင်းတက်နေတုန်းကျောင်းအားရက်တွေမှာStoreဆိုင်တစ်ခုမှာအရောင်းစာရေးအဖြစ်ဝင်လုပ်ခဲ့တယ်…ဆိုင်ကဈေးသက်သာတဲ့ဆိုင်လည်းဖြစ်တာမို့နေ့လည်ပိုင်းနဲ့ညနေပိုင်းတွေမှာဆိုအင်မတန်မှလူစည်ကားလှပါတယ်..မမဝသုန်လည်းမနက်ကနေညနေအထိတချိန်လုံးကောင်တာမှာမတ်တပ်ရပ်ပြီးဈေးရောင်းရတာပေါ့..ထိုင်ဖို့ခုံလည်းမရှိပါဘူး…ဒါပေမယ့်ပျော်စရာကောင်းပါတယ်…

တနင်္ဂနွေနေ့တစ်နေ့ရဲ့ညနေပိုင်းမှာတော့ဆိုင်မှာထုံးစံအတိုင်လူကလည်းကျနေပါတယ်…ပါကစ်စတန်လူမျိုးအမျိုးသမီးကြီးတစ်ယောက်ကလည်းသူဝယ်ပြီးသားတွေအတွက်ငွေချေပါတယ်…အားလုံးကျသင့်ငွေက ၁၂.၅ ပေါင်ပါ..ဒါနဲ့သူက၁၅ပေါင်ထုတ်ပေးပါတယ်… ဒီတော့မမဝသုန်လည်း ၂.၅ပေါင်ပြန်အမ်းတာပေါ့…ဒါပေမယ့်သူကခေါင်းခါတယ်…

မျက်ရည်လည်ဆွဲ

ကြောင်းအရာအမျိုးမျိုးရယ်ကြောင့်
ဆောင်းအခါ သခင်ရောက်မလာတော့
စောင့်မျှော်ကာ ခါခါမောရတယ် …

ဆောင်းအကြိုသွေးချိုနုလေနှင့်
နွမ်းရင်ဖွင့်လန်းမရွှင်
ဆန့်ကျင်ဘက်ရဲ့အပြုံး ..

ညှိုးခြုံးလို့ခွေယိုင်
မျက်ဝန်းငယ်မှိုင်ပါလို့
မျက်ရည်သာ သီကာကုံး
ချစ်ရသူ့နှလုံး  





ပျိုးယုဝသုန်
ခေတ္တ(BNE)

Sunday 4 March 2012

ကလေးကဗျာများ(၂၂) - ဝလုံးရေးနည်း


ကကြီးခခွေး
စာကိုရေး
ညီလေးမောင်ရေအေး..

ဝလုံးရေးတော့
ညီလေးမှိုင်
ဝလုံးမဝိုင်းနိုင် …

ယိမ်းယိမ်းယိုင်စ
သူ့ဝလုံး
ကူညီကြပါဦး …

မိုးပေါ်ကြည့်ပါ့
လမင်းဝါ
ပြုံးလျက်ထိန်ထိန်သာ…

သူ့မျက်နှာကို
ကူးကာရေး
ညီလေး ဝလုံးဝိုင်းမယ်လေး…


ပျိုးယုဝသုန်
11:49:09 PM
03-03-2012
Saturday(BNE)

Friday 2 March 2012

ငါးထောင်တန်ဖုန်းအပေါ်ဘလော့ဂ်ဂါတို့၏အမြင် (တက်ဂ်ပို့စ်)



နေ့လည်ကကိုးကိုးပို့လာတဲ့တက်ဂ်ပို့စ်လေးကိုတွေ့လို့စိတ်ဝင်တစားဖတ်ဖြစ်တယ်..ဖတ်ပြီးတော့မမဝသုန်လည်းနည်းနည်းလောက်တော့ကို်ယ့်အမြင်လေးဝင်ရေးဦးမှဆိုပြီးစဉ်းစားမိတယ်..


မမဝသုန်မြန်မာပြည်ရဲ့ပြင်ပကိုရောက်နေတာ၇နှစ်၈နှစ်လောက်ရှိပြီ…မမဝသုန်ရန်ကုန်မှာရှိနေတုန်းကမိုဘိုင်းဖုန်းတတစ်လုံးကိုသိန်း၄၀ကနေ၄၅သိန်းအထိပေးဝယ်ရပါတယ်…ဒါတောင်မှဆယ်လူလာလို့ခေါ်တဲ့၀၉၉၉နံပါတ်တွေပါ..ခေါ်ရပြောရတာလည်းကြားတခါမကြားတစ်လှည့်ပေါ့..စစချင်တုန်းကဆယ်လူလာဖုန်းတွေကလူကိုထုရင်တောင်အနည်းဆုံးခေါင်းပေါက်နိုင်မယ်ထင်ရအောင်အတုံးလိုက်ကြီးတွေ..

Thursday 1 March 2012

မတ္လ တေစ ၦ



မတ်လ(၁)ရက်… Autumn ရာသီ တစ်ဖြစ်လဲဆောင်ဦးရာသီရဲ့ပထမဆုံးသောနေ့…

နွေရာသီရဲ့နှုတ်ဆက်ခြင်းတေးသွားတွေကိုသစ်ရွက်ကလေးတွေကပြောကြတယ်..

ဆောင်းနှင်းတွေလည်းမလာသေးပါဘူး..မိုးနှင်းတွေလည်းမကြွေသေးပါဘူး..အေးမြတဲ့မြောက်လေတွေလည်းမတိုက်သေးပါဘူး…


ဒါပေမယ့်နှုတ်ဆက်သွားတဲ့နွေရာသီလိုဒီလိုဆောင်းဦးရာသီရဲ့ပထမဆုံးနေ့မှာနင်..ငါ့အနားကထွက်သွားတာဒီနေ့ဆိုရင်နှစ်နှစ်တင်းတင်းပြည့်ခဲ့ပြီ…အချိန်တွေရာသီတွေပြောင်းလဲလာပေမယ့်နာကျင်နေရဆဲငါ့ရင်ဘတ်ထဲကဒဏ်ရာဟာသွေစိမ်းရှင်ရှင်ထွက်နေဆဲပါရာရာ..မမျှော်လင့်မထင်မှတ်ထားတဲ့အဖြစ်အပျက်တွေဟာဆောင်းဦးကာလမှာတောင်ငါ့ရင်ကိုကျွမ်းမြိုက်စေခဲ့တယ်…ရာရာ..ဖြစ်နိုင်မယ်ဆိုရင်တစ်ခေါက်လောက်ဖြစ်ဖြစ်နင်နဲ့ပြန်တွေ့ဖို့အခွင့်အရေးလေးရချင်ပါတယ်….