Sunday 22 July 2012

တိမ် ကဗျာ




တိမ်တောင် တိမ်လိပ်
တိမ်အရိပ်နှင့်
တိမ်ခိုး တိမ်ပြာ
တိမ်အလွှာတို့
တိမ်သားမို့မောက်
တိမ်ရောင်တောက်သည်
တိမ်ပန်းချီထက်ကောင်းကင်မှာ ..။


ပျိုးယုဝသုန်
7:35:16 PM
22-07-2012
Sunday (BNE)

5 comments:

မိုးသူ(တောင်ကြီး) said...

တိမ်ဆိုတဲ့ အသံထပ်တွေနဲ့ 
တေးထပ်ကဗျာလေးဖတ်လိုက်၇တဲ့ အတိုင်းပဲ
ကောင်းလိုက်တာ မမ၀သုန်
ဒီလို ဂန္တ၀င်ကဗျာပုံစံတွေလဲ
ရေးတတ်တာပဲနော် :P

ခင်တဲ့
မိုးသူ(တောင်ကြီး)

စံပယ်ချို said...

တိမ်ရောင်စုံကို လာရောက်ခံစားနေပါတယ်ပျိုးရေ

Cameron said...

ကဗျာတိုရေးတာတော့ မမ၀သုန်ကိုဘယ်သူမှမမီဘူး..တကယ်..။

mstint said...

တိမ် ကဗျာလေးဖတ်ပြီး မြန်မာပြည်ကို အပြန် ကောင်းကင်က တိမ်လိပ်တွေကို သတိရသွားတယ် ဝသုန်ရေ။ ပို့စ်တစ်ပုဒ် ရေးဘို့ တွေးနေမိပြီး)
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

ညီရဲ said...

ဖဘမှာ တစ်ဝက်တစ်ပျက် ဖတ်ခဲ့ရတဲ့ ကဗျာလေးကို အဆုံးထိ လာဖတ်သွားတယ်။ ကဗျာလေးက ထိထိမိမိနဲ့ တကယ်လှတယ် အစ်မ...